Daniel 8:16
ထိုအချိန်၌``အချင်းဂါဗြေလ၊ ထိုသူအား ရူပါရုံ၏အနက်ကိုဖော်ပြလော့'' ဟူ၍ဥလဲ မြစ်ဘက်မှလူ့အသံနှင့်ဟစ်၍ပြောဆိုသည် ကိုငါကြားရ၏။-
Common Language Bible
In The King James Version
In Context
Cross References
Daniel 8:2ထိုဗျာဒိတ်ရူပါရုံထဲတွင်ငါသည်ဧလံ ပြည်နယ်မြို့ရိုးများကာရံထားသော ရှုရှန် မြို့တွင်းသို့ရုတ်တရက်ရောက်ရှိနေသည် ကိုတွေ့ရ၏။ ငါသည်ဥလဲမြစ်အနီးတွင် ရပ်၍၊-
Daniel 10:11ကောင်းကင်တမန်က``ဒံယေလ၊ ဘုရားသခင် သည် သင့်ကိုချစ်တော်မူ၏။ ထ၍ငါပြောမည့် စကားကိုသေချာစွာနားထောင်လော့။ ကိုယ် တော်သည်ငါ့အားသင့်ထံသို့စေလွှတ်တော် မူပြီ'' ဟုဆို၏။ ဤစကားကိုကြားသော အခါငါသည်တုန်လှုပ်လျက်ပင်မတ်တတ် ရပ်လိုက်၏။
Zechariah 1:9ငါကလည်း``အရှင်ဤမြင်းများကား အဘယ်အတွက်ဖြစ်ပါသနည်း'' ဟုမေး လျှင် ကောင်းကင်တမန်က``သူတို့အဘယ်အတွက် ဖြစ်သည်ကိုငါဖော်ပြမည်။-
Luke 1:19ကောင်းကင်တမန်က ``ငါသည်ဘုရားသခင် ၏ရှေ့တော်တွင်ခစားရသောဂါဗြေလဖြစ်၏။ သင့်အားဤသတင်းကောင်းကိုပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။-
Acts 9:7ရှောလုနှင့်အတူခရီးပြုလျက်နေကြသူ တို့သည် ထိုအသံကိုကြားရသော်လည်း လူ တစ်စုံတစ်ယောက်ကိုမျှမတွေ့မမြင်ရ သဖြင့်ကြက်သေသေလျက်ရပ်နေကြ၏။-