Daniel 8:25
သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Jeremiah 48:26ထာဝရဘုရားက``မောဘပြည်သည်ငါထာဝရ ဘုရားအားပုန်ကန်ခဲ့သည်ဖြစ်၍ ထိုပြည်ကို ယစ်မူး၍နေစေကြလော့။ သူသည်မိမိ၏အန် ဖတ်တွင်လူးလှိမ့်၍နေလိမ့်မည်။ လူတို့သည် လည်းသူ့အားပြောင်လှောင်ကြလိမ့်မည်။-
Daniel 2:34ထိုရုပ်တုကြီးကိုအရှင်မင်းကြီးကြည့် လျက်နေစဉ် ကျောက်ခဲကြီးတစ်လုံးသည် တောင်ပေါ်မှအလိုအလျောက်ပြုတ်ထွက် လာပြီးလျှင် သံနှင့်ရွှံ့စေးသရွတ်ဖြင့်ပြီး သည့်ရုပ်တုကြီးခြေများကိုထိမှန်ကျိုး ပဲ့သွားစေပါ၏။-
Daniel 7:8ထိုဦးချိုတို့ကိုကြည့်နေစဉ်ယင်းတို့အကြားမှဦးချိုငယ်တစ်ချောင်းပေါ်လာသည်ကိုငါမြင်ရ၏။ ထိုဦးချိုငယ်ကရှိပြီးဦးချိုသုံးချောင်းကိုဖယ်ရှားလိုက်လေသည်။ ထိုဦးချိုငယ်တွင်လူကဲ့သို့မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိ၏။
Daniel 8:11ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ကိုပင်အာ ခံလျက် ကိုယ်တော်အားပူဇော်နေကျဖြစ် သည့်ယဇ်များကိုရပ်စဲစေ၍ဗိမာန်တော် ကိုပျက်စီးစေ၏။-
Daniel 11:12သူသည်အောင်ပွဲကိုရရှိသဖြင့်လည်းကောင်း၊ စစ်သည်အမြောက်အမြားကိုသတ်ဖြတ်နိုင် ခဲ့သဖြင့်လည်းကောင်း ဂုဏ်ယူဝါကြွားလိမ့် မည်။ သို့ရာတွင်သူသည်ဆက်လက်၍အောင် ပွဲခံရလိမ့်မည်မဟုတ်။
Daniel 11:32မိမိတို့ကိုးကွယ်သည့်ဘာသာကိုစွန့်လွှတ် လိုက်ကြသူတို့အား ဆီးရီးယားဘုရင်သည် ကောက်ကျစ်စဉ်းလဲမှုဖြင့် မိမိ၏ဘက်သို့ပါ အောင်ဆွဲဆောင်လိမ့်မည်။ သို့ရာတွင်ဘုရားသခင်အားသစ္စာစောင့်သောသူတို့က သူ့အား ပြန်လည်တိုက်ခိုက်ကြလိမ့်မည်။-