The Bible Software
bible.software › Daniel › Daniel 9 › Daniel 9:14

Daniel 9:14

အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဒဏ်​ပေး​ရန် အ​သင့်​ရှိ​သည်​အ​တိုင်း​ဒဏ်​ပေး​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​ဖြောင့်​မှန် ရာ​ကို​ပြု​တော်​မူ​တတ်​သော်​လည်း အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ ထောင်​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။

Common Language Bible

In The King James Version

Therefore hath the LORD watched upon the evil, and brought it upon us: for the LORD our God is righteous in all his works which he doeth: for we obeyed not his voice.

In Context

13အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား တွင် ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ပြစ်​ဒဏ် များ​ကို​ခံ​ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု အ​ခါ​၌​ပင်​လျှင်​အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​နှစ်​သက်​တော်​မူ​စေ​ရန်​ကြိုး​စား​၍ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း၊ သမ္မာ​တ​ရား တော်​ကို​လိုက်​လျှောက်​ကျင့်​သုံး​ခြင်း​အ​မှု တို့​ကို​မ​ပြု​မ​လုပ်​ကြ​သေး​ပါ။-

15အို အ​ကျွန်ုပ်​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​မိ​မိ​၏​လူ​မျိုးတော်​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ခြင်း​အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို ယ​ခု ထက်​တိုင်​အောက်​မေ့​သ​တိ​ရ​လျက်​နေ​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​မိ ကြ​ပါ​ပြီ။ အ​မှား​ကို​ပြု​မိ​ကြ​ပါ​ပြီ။-

Read all of Daniel 9

Cross References

Exodus 9:27ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​ခေါ်​ပြီး လျှင်``ဤ​တစ်​ကြိမ်​ငါ​ပြစ်​မှား​မိ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​မှန်​ကန်​၍ ငါ​နှင့်​ငါ​၏​လူ​မျိုး​တို့ သည်​မှား​ပါ​၏။-

Nehemiah 9:33အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အ​ပြစ်​ဒဏ် ပေး​တော်​မူ​သည်​မှာ​တ​ရား​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​လွန်​ခဲ့​ကြ​သော် လည်း ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​ပါ​၏။

Psalms 111:7ကိုယ်​တော်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​သည် သစ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​မျှ​တ​မှု​နှင့်​လည်း​ကောင်း​ညီ​ပါ​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​မှန်​သ​မျှ​သည် ယုံ​ကြည်​အား​ထား​ထိုက်​ပါ​ပေ​သည်။

Jeremiah 4:17သူ​တို့​သည်​လယ်​စောင့်​ကင်း​သ​မား​များ​ကဲ့​သို့ ထို​မြို့​တို့​ကို​ဝိုင်း​ရံ​ထား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကြောင့်​ဖြစ်​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​တော်​မူ​သော​စ​ကား​ပင်​တည်း။

Jeremiah 31:28ငါ​သည်​ဂ​ရု​ပြု​၍​သူ​တို့​အား​နုတ်​ပယ်​ဖြို​ချ၊ မှောက်​လှန်​ဖျက်​ဆီး၊ ပျက်​ပြုန်း​စေ​ခဲ့​သည်​နည်း တူ​တစ်​ဖန်​ပြန်​၍​ပြု​စု​ပျိုး​ထောင်​တည်​ဆောက် ၍​ပေး​မည်။-

Lamentations 1:5သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 9:14

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 9:13Daniel 9Daniel 9:15 →