တရားဟောရာကျမ်း 1:36
ယေဖုန္နာ၏သားကာလက်တစ်ဦးတည်းသာထို ပြည်သို့ဝင်ရမည်။ သူသည်ငါ့အားသစ္စာရှိသူ ဖြစ်၍သူထောက်လှမ်းခဲ့သောပြည်ကိုသူနှင့်သူ ၏အဆက်အနွယ်တို့အားငါပေးမည်' ဟုမိန့် တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 14:24သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။
Numbers 32:12ထိုသို့ဒဏ်စီရင်ခြင်းခံရသူတို့တွင် ကေနတ်အမျိုးသားယေဖုန္နာ၏သား ကာ လက်နှင့်နုန်၏သားယောရှုတို့မပါဝင် ချေ။ သူတို့သည်ထာဝရဘုရား၏သစ္စာ တော်ကိုစောင့်သူများဖြစ်ပေသည်။-
Joshua 14:6တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။-
Judges 1:12ထိုသူတို့အနက်ကာလက်ဆိုသူက``ငါသည် ကိရယဿေဖာမြို့ကိုတိုက်ခိုက်အောင်မြင် သောသူအားငါ့သမီးအာခသနှင့် ပေးစားမည်'' ဟုဆို၏။-