တရားဟောရာကျမ်း 10:17
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 22:22``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-
2 Chronicles 19:7ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍သတိ နှင့်ဆောင်ရွက်ကြလော့။ အဘယ်ကြောင့်ဆိုသော် ငါတို့ဘုရားသခင်ထာဝရဘုရားသည် လိမ်လည်ကောက်ကျစ်မှု၊ လူမျက်နှာကိုထောက် မှု၊ တံစိုးလက်ဆောင်စားမှုတို့ကိုခွင့်ပြုတော် မမူသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
Nehemiah 4:14ငါသည်ပြည်သူတို့စိုးရိမ်ပူပန်လျက်နေ ကြသည်ကိုမြင်သဖြင့် သူတို့နှင့်တကွ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေး မှူးများအား``ငါတို့၏ရန်သူများကိုမ ကြောက်ကြနှင့်။ ထာဝရဘုရားသည်အ ဘယ်မျှကြီးမြတ်တော်မူ၍ကြောက်မက် ဖွယ်ကောင်းသည်ကိုသတိရလျက်သင်တို့ ၏ညီအစ်ကိုသားမယားအိမ်ရာများ အတွက်တိုက်ပွဲဝင်ကြလော့'' ဟုနှိုးဆော်၏။-
Job 34:19ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
Psalms 99:3လူအပေါင်းတို့သည်ကိုယ်တော်၏ ကြီးမြတ်ကြောက်ရွံ့ဖွယ်ကောင်းသောနာမ တော်ကို ထောမနာပြုကြလိမ့်မည်။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၏။
Psalms 136:3အရှင်သခင်ရှိသမျှတို့ထက် တန်ခိုးကြီးတော်မူသောအရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။