တရားဟောရာကျမ်း 10:22
သင်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ သွားစဉ်ကလူဦးရေအားဖြင့်ခုနစ်ဆယ် မျှသာရှိ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ယခုအခါ သင်တို့ကိုမိုးကောင်းကင်ကြယ်နှင့်အမျှ လူဦးရေများပြားစေတော်မူပြီ။''
Common Language Bible
In The King James Version
In Context
Cross References
Genesis 15:5အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
Genesis 46:27အီဂျစ်ပြည်တွင်ယောသပ်၌သားနှစ်ယောက် ဖွားမြင်၏။ သို့ဖြစ်၍အီဂျစ်ပြည်သို့သွား ရောက်သော ယာကုပ်၏မိသားစုဦးရေမှာ လူပေါင်းခုနစ်ဆယ်ယောက်ဖြစ်သတည်း။
Numbers 26:51ဣသရေလအမျိုးသားယောကျာ်းဦးရေမှာ ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ယောက် ဖြစ်သတည်း။
Deuteronomy 1:10သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
Deuteronomy 26:5ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။-
Nehemiah 9:23ကိုယ်တော်သည်သူတို့အား ကောင်းကင်ကြယ်များကဲ့သို့များပြားသည့် သားသမီးများကိုပေးသနားတော်မူပါ၏။ ထိုနောက်သူတို့ဘိုးဘေးများအား ကိုယ်တော်ကတိထားတော်မူသောပြည်တော်ကို သိမ်းပိုက်စေကာထိုပြည်တွင်နေထိုင်စေတော် မူပါ၏။