တရားဟောရာကျမ်း 12:30
ထာဝရဘုရားကထိုလူမျိုးများကိုသုတ် သင်ပယ်ရှင်းပြီးသောအခါ သင်တို့သည်သူတို့ ၏ဘာသာရေးအလေ့အကျင့်များကိုမလိုက် မိစေရန်သတိပြုကြလော့။ သူတို့၏အလေ့ အကျင့်များကိုလိုက်ခြင်းသည် သင်တို့အတွက် သေလောက်သောကျော့ကွင်းဖြစ်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:24သင်တို့သည်သူတို့၏ဘုရားများကိုဦး မချဝတ်မပြုရ။ သူတို့၏ဘာသာဋ္ဌလေ့ အတိုင်းမကျင့်ရ။ သူတို့၏ဘုရားများကို ဖြိုဖျက်၍သူတို့ကိုးကွယ်သောကျောက်တိုင် များကိုချိုးဖျက်ရမည်။-
Leviticus 18:3သင်တို့နေထိုင်ခဲ့ဖူးသောအီဂျစ်ပြည်ရှိ လူ တို့၏အလေ့အကျင့်များကိုသော်လည်းကောင်း၊ သင်တို့အားငါယခုပို့ဆောင်နေထိုင်စေမည့် ခါနာန်ပြည်ရှိလူတို့၏အလေ့အကျင့်များ ကိုသော်လည်းကောင်းမကျင့်ကြနှင့်။-
Numbers 33:52ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။-
Deuteronomy 11:16သင်တို့သည်ထာဝရဘုရားကိုစွန့်ပယ်၍ အခြားသောဘုရားများကိုဝတ်မပြုမ ကိုးကွယ်မိစေရန်သတိပြုလော့။-
Deuteronomy 20:18ထိုသူတို့သည်မိမိတို့၏ကိုးကွယ်မှုဆိုင်ရာ စက်ဆုပ်ဖွယ်သောအလေ့အကျင့်များကို သင် တို့အားသင်ကြားပေးသဖြင့်သင်တို့သည် ထာဝရဘုရားကိုပြစ်မှားလိမ့်မည်။ ထို့ ကြောင့်သူတို့ကိုသတ်ဖြတ်သုတ်သင်ရမည်။
2 Kings 16:10အာခတ်မင်းသည်ဧကရာဇ်ဘုရင်တိဂလတ် ပိလေသာကိုတွေ့ဆုံရန် ဒမာသက်မြို့သို့သွား သောအခါ ထိုမြို့တွင်ရှိသောယဇ်ပလ္လင်ကိုမြင် သဖြင့် ထိုယဇ်ပလ္လင်၏ပုံတူတစ်ခုကိုစေ့စပ် သေချာစွာပြုလုပ်ပြီးလျှင် ယဇ်ပုရောဟိတ် ဥရိယထံသို့ပေးပို့လိုက်၏။-