တရားဟောရာကျမ်း 14:22
``နှစ်စဉ်သင်တို့၏လယ်ယာများမှ ထွက်သမျှ သောအသီးအနှံဆယ်ဖို့တစ်ဖို့ကို သီးသန့် ဖယ်ထားရမည်။-
Common Language Bible
In The King James Version
Thou shalt truly tithe all the increase of thy seed, that the field bringeth forth year by year.
In Context
Cross References
Genesis 47:24စပါးရိတ်သိမ်းသည့်အခါငါးပုံတစ်ပုံကို ဘုရင့်ထံဆက်ရမည်။ ကျန်သောစပါးကိုမျိုး စပါးအတွက်နှင့်သင်တို့နှင့်မိသားစုစားသုံး ရန်အတွက်အသုံးပြုကြလော့'' ဟုဆိုလေ၏။
Leviticus 27:30မြေယာမှထွက်သောအသီးအနှံ သို့မဟုတ် သစ်သီးဆယ်ပုံတစ်ပုံသည် ထာဝရဘုရား နှင့်ဆိုင်၏။-
Numbers 18:31ကျန်ရှိသမျှသောအလှူသည်သင်တို့တဲ တော်၌ အမှုဆောင်သည့်အတွက်ခံထိုက်သော အခဖြစ်ခြင်းကြောင့် ထိုအလှူကိုသင်နှင့် သင်၏မိသားစုတို့သည်မည်သည့်နေရာ ၌မဆိုစားသုံးနိုင်သည်။-
Deuteronomy 12:17ထာဝရဘုရားအားဆက်ကပ်သောပူဇော် သကာများကို သင်တို့နေထိုင်ရာမြို့များတွင် မစားသုံးရ။ ဆန်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ တို့၏ဆယ်ဖို့တစ်ဖို့၊ သိုးနွားများမှသားဦး ပေါက်များ၊ ထာဝရဘုရားအားကတိထား သောပူဇော်သကာများ၊ မိမိစေတနာ အလျောက်ပေးလှူသောအလှူများနှင့်အခြား အလှူများကိုသင်တို့၏မြို့ရွာများတွင် မသုံးဆောင်ရ။-
Nehemiah 10:37ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။-