တရားဟောရာကျမ်း 14:23
ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ရွေးချယ်ထားတော်မူသောဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့သွား၍ ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ သင်တို့ ဆယ်ဖို့တစ်ဖို့သီးသန့်ဖယ်ထားသောစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ နွားနှင့်သိုးတို့၏သား ဦးပေါက်များကိုစားသုံးရကြမည်။ ဤ နည်းအားဖြင့်သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရိုသေ ရမည်ဖြစ်ကြောင်းသင်တို့သိနားလည်ကြ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 4:10သိနာတောင်တွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့ရောက်ရှိ နေကြစဉ်ထာဝရဘုရားကငါ့အား`လူ အပေါင်းတို့ကိုစုဝေးစေလော့။ ငါမိန့်မှာ တော်မူသမျှကိုကြားနာစေလော့။ သို့မှ သာသူတို့အသက်ရှင်သမျှကာလပတ် လုံး ငါ့ကိုကြောက်ရွံ့ရိုသေမည်။ သူတို့သွန် သင်သဖြင့်သူတို့၏သားသမီးများလည်း ငါ့ကိုကြောက်ရွံ့ရိုသေမည်' ဟူ၍ငါ့အား မိန့်တော်မူသည့်အကြောင်းကို သင်တို့၏ သားမြေးတို့အားသွန်သင်လော့။''
Deuteronomy 12:6သင်တို့သည်ထိုဌာနတွင် မီးရှို့ရာယဇ်နှင့် အခြားယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သကာများ၊ ထာဝရဘုရားအား ကတိထားသောပူဇော်သကာများ၊ မိမိ စေတနာအလျောက်ပေးလှူသောအလှူများ၊ သင်တို့၏သိုးနွားတို့မှသားဦးပေါက်စသည် တို့များကို ထာဝရဘုရားအားပူဇော် ဆက်သရမည်။-
Deuteronomy 12:14သင်တို့အနွယ်များအနက်တစ်နွယ်၏နယ် မြေအတွင်းရှိ ထာဝရဘုရားရွေးချယ်တော် မူမည့်ဌာန၌သာယဇ်ပူဇော်ရမည်။ ထိုဌာန ၌သာမီးရှို့ရာယဇ်ကိုပူဇော်၍ သင်တို့အား ငါမှာကြားသမျှတို့ကိုဆောင်ရွက်ရမည်။''
Deuteronomy 15:19``သင်တို့၏နွားနှင့်သိုးသားဦးပေါက်အထီး ဟူသမျှကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအတွက်သီးသန့်ထားရမည်။ နွားသား ဦးပေါက်များကိုမခိုင်းစေရ။ သိုးသားဦး ပေါက်များကိုလည်းအမွေးမညှပ်ရ။-