တရားဟောရာကျမ်း 15:19
``သင်တို့၏နွားနှင့်သိုးသားဦးပေါက်အထီး ဟူသမျှကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအတွက်သီးသန့်ထားရမည်။ နွားသား ဦးပေါက်များကိုမခိုင်းစေရ။ သိုးသားဦး ပေါက်များကိုလည်းအမွေးမညှပ်ရ။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 22:29``သင်တို့၏အဦးဆုံးရိတ်သိမ်းသောအသီး အနှံ၊ အဦးဆုံးညှစ်သောစပျစ်ရည်ကိုငါ့ အားဆက်ကပ်ရမည်။ ``သင်တို့၏သားဦးများကိုငါ့အားဆက်ကပ် ရမည်။-
Leviticus 27:26နွားဦးပေါက်ဖြစ်စေ၊ သိုးဦးပေါက်ဖြစ်စေ၊ ဆိတ်ဦးပေါက်ဖြစ်စေ၊ ထာဝရဘုရားနှင့် သာဆိုင်သောကြောင့် မည်သူမျှယင်းတို့ကို စေတနာအလျောက်ပူဇော်သကာအဖြစ် ထာဝရဘုရားအားမဆက်သရ။-
Numbers 18:15``ဣသရေလအမျိုးသားတို့က ငါ့အား ဆက်သသောသားဦးဖြစ်သောလူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေသင်တို့နှင့်ဆိုင်၏။ သို့ရာတွင် သားဦးကိုဖြစ်စေ၊ အနာအဆာရှိသော တိရစ္ဆာန်သားဦးကိုဖြစ်စေ ငွေဖြင့်ရွေးယူ ခြင်းကိုလက်ခံရမည်။-
Deuteronomy 12:5ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
Deuteronomy 12:11ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-