တရားဟောရာကျမ်း 15:2
အကြွေးများကိုသင်ပုန်းချေပယ်ဖျက်နည်း ကားဤသို့တည်း။ ဣသရေလအမျိုးသားချင်း တစ်ဦးအားငွေချေးထားသူသည် ထိုအကြွေး ကိုသင်ပုန်းချေပယ်ဖျက်ရမည်။ ထာဝရဘုရား ကိုယ်တော်တိုင်သင်ပုန်းချေပယ်ဖျက်ကြောင်း ကြေညာပြီးဖြစ်သောကြောင့် အကြွေးကို ပြန်၍မတောင်းရ။-
Common Language Bible
In The King James Version
In Context
Cross References
Nehemiah 5:10ငါသည်ပြည်သူတို့အားငွေနှင့်ဂျုံစပါးကို ချေးငှားပါ၏။ ငါ၏အပေါင်းအဖော်များ နှင့်လုပ်သားများသည်လည်းဤနည်းအတိုင်း ပင်ပြုကြပါ၏။ ယခုငါတို့သည်ထိုအကြွေး များကိုပြန်လည်တောင်းခံမှုမပြုဘဲနေ ကြစို့။-
Amos 8:4ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
Matthew 6:14``သင်တို့သည်သူတစ်ပါးတို့ပြစ်မှားသည့်အပြစ် များကိုဖြေလွှတ်ပါလျှင် ကောင်းကင်ဘုံရှင်သင်တို့ ၏အဖသည်လည်းသင်တို့၏အပြစ်များကို ဖြေလွှတ်တော်မူလိမ့်မည်။-
Luke 6:34ထိုမှတစ်ပါးပြန်လည်ဆပ်ပေးမည်ဟုယုံကြည် သူကိုသာလျှင်သင်တို့ချေးငှားကြပါမူ အဘယ် သို့လျှင်ကောင်းချီးမင်္ဂလာကိုခံစားနိုင်ကြပါ မည်နည်း။ အပြစ်ကူးသူများပင်ပြန်လည်ဆပ် ပေးမည်ဟုမျှော်လင့်လျက်အချင်းချင်းအား ချေးငှားကြ၏။-
James 2:13ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။