တရားဟောရာကျမ်း 15:21
ထိုနွားနှင့်သိုးတို့တွင်ခြေဆွံ့ခြင်း၊ မျက်စိကန်း ခြင်း၊ သို့မဟုတ်အခြားသောအနာအဆာ တစ်ခုခုရှိလျှင် သင်၏ဘုရားသခင်ထာဝရ ဘုရားအားမပူဇော်ရ။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 22:19အနာအဆာကင်းသောယဇ်ကောင်အထီး ကိုသာငါလက်ခံမည်၊-
Leviticus 22:23ပုကွသောတိရစ္ဆာန်သို့မဟုတ်ပုံပန်းမကျ သောတိရစ္ဆာန်ကို မိမိစေတနာအလျောက် ပူဇော်သောယဇ်အဖြစ်ဆက်သနိုင်သော် လည်း ကတိသစ္စာအလျောက်ပူဇော်သော ယဇ်အဖြစ်မဆက်သနိုင်။-
Malachi 1:7သင်တို့မထီမဲ့မြင်ပြုပုံမှာငါ၏ယဇ် ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်အစားအစာ များကိုတင်လှူပူဇော်ခြင်းအားဖြင့်ဖြစ် ၏။ ထိုနောက်သင်တို့က``ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်အားအဘယ်သို့မရို မသေပြုခဲ့ကြပါသနည်း'' ဟုမေးကြ ပြန်၏။ သင်တို့မရိုမသေပြုပုံကားငါ ၏ယဇ်ပလ္လင်ကိုမထီမဲ့မြင်ပြုခြင်းဖြစ် ပေသည်။-