တရားဟောရာကျမ်း 15:6
ထာဝရဘုရားသည်ကတိတော်ရှိသည့် အတိုင်း သင်တို့အားကောင်းချီးပေးတော်မူ သဖြင့် သင်တို့သည်လူမျိုးများစွာတို့အား ငွေချေးရလိမ့်မည်။ သင်တို့ကမူကားသူတို့ ထံမှချေးငှားခြင်းပြုရမည်မဟုတ်။ သင်တို့ သည်လူမျိုးများစွာတို့ကိုအုပ်စိုးရလိမ့် မည်။ မည်သည့်လူမျိုးကမျှသင်တို့ကို မအုပ်စိုးရ။''
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 28:12ကိုယ်တော်ရှင်သည်မိုးကောင်းကင်ကိုဖွင့်၍ ရာသီအလိုက်မိုးကိုရွာစေလျက်သင်လုပ် ဆောင်သမျှကိုအောင်မြင်စေတော်မူသဖြင့် သင်တို့သည်နိုင်ငံများစွာတို့အားချေးငှား ရလိမ့်မည်။ သို့ရာတွင်သင်တို့သည်မည်သည့် နိုင်ငံထံမှချေးယူရန်လိုမည်မဟုတ်။-
1 Kings 4:21ရှောလမုန်သည်ဥဖရတ်မြစ်မှဖိလိတ္တိပြည် နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် ရှိသမျှ သောတိုင်းနိုင်ငံတို့ကိုအစိုးရတော်မူ၏။ ထိုနိုင်ငံတို့သည်မင်းကြီးအားအခွန် ပဏ္ဏာဆက်သကြ၍ မင်းကြီးအသက်ရှင် သမျှကာလပတ်လုံးသူ၏လက်အောက် ခံနိုင်ငံများဖြစ်ကြ၏။
1 Chronicles 17:27ကျွန်တော်မျိုး၏သားမြေးတို့သည်ကိုယ်တော် ရှင်၏ရှေ့တော်၌ဆက်လက်၍မျက်နှာရကြ စေရန် သူတို့အားကောင်းချီးပေးတော်မူပါ ဟုပန်ကြားလျှောက်ထားပါ၏။ အို ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်သူတို့အားကောင်း ချီးပေးတော်မူပါပြီ။ သူတို့သည်ကိုယ်တော် ရှင်၏ကောင်းချီးမင်္ဂလာကိုအစဉ်အမြဲ ခံစားရကြပါစေသော'' ဟုဆုတောင်း သတည်း။
Ezra 4:20တန်ခိုးကြီးသောဘုရင်များသည်ထိုမြို့တွင်စိုးစံကာ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်တစ်ခုလုံးမှအခွန်ဘဏ္ဍာတော်များကိုကောက်ခံခဲ့ကြ၏။-
Psalms 37:21သူယုတ်မာသည်ချေးငှားပြီးနောက် ပြန်၍မပေးမဆပ်တတ်။ သူတော်ကောင်းမူကားရက်ရောစွာပေးကမ်း တတ်၏။
Psalms 112:5ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။