တရားဟောရာကျမ်း 16:14
သင်တို့မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လေဝိ အမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ ကလေးများ၊ မုဆိုးမများနှင့်အတူတကွ ထိုပွဲတော်ကိုကျင်းပလော့။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 14:29ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
Deuteronomy 26:11သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်သင်၏မိသားစုအားကျေးဇူး ပြုတော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်း လော့။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင်သော လေဝိအမျိုးသားများ၊ လူမျိုးခြားသား များသည်သင်တို့နှင့်အတူပျော်ပွဲရွှင်ပွဲ ကိုဆင်နွှဲစေကြလော့။
Esther 9:22ထိုနေ့ရက်များသည်ရန်သူတို့အားယုဒ အမျိုးသားတို့သုတ်သင်ပယ်ရှင်းသည့်နေ့ များဖြစ်သည်။ ထိုလသည်သူတို့စိတ်ပျက် ဝမ်းနည်းခြင်းမှဝမ်းမြောက်ရွှင်မြူးခြင်းသို့ ကူးပြောင်းရာလဖြစ်၏။ သို့ဖြစ်၍သူတို့ သည်ထိုနေ့ရက်တို့တွင်ပျော်ရွှင်ပွဲများ ကျင်းပကာ မိမိတို့အချင်းချင်းအား လည်းကောင်း၊ ဆင်းရဲသူများအားလည်း ကောင်းအစားအစာလက်ဆောင်များ ပေးကမ်းကြရန်ဖြစ်ပေသည်။-
Isaiah 12:1``အို ထာဝရဘုရားကိုယ်တော်ရှင်အား၊ ကျွန်တော်မျိုးထောမနာပြုပါ၏။ ကိုယ်တော်ရှင်သည်ယခင်ကကျွန်တော်မျိုးအား အမျက်ထွက်တော်မူခဲ့သော်လည်း၊ ယခုအခါအမျက်ထွက်တော်မမူတော့ဘဲ နှစ်သိမ့်မှုကိုပေးတော်မူပါပြီ'' ဟု လူတို့သီဆိုကူးဧကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။
Isaiah 30:29သို့ရာတွင်၊ အို ထာဝရဘုရား၏လူမျိုးတော်၊ သင်တို့သည်ဘာသာရေးပွဲတော်ညဥ့်မှာကဲ့ သို့ပျော်ရွှင်စွာသီချင်းဆိုကြလိမ့်မည်။ သင် တို့သည်ဣသရေလအမျိုးသားတို့၏ကွယ် ကာရာအရှင်၊ ထာဝရဘုရား၏ဗိမာန်တော် သို့သွားရာလမ်းတွင် ပုလွေသံနှင့်စည်းချက် ကျကျလမ်းလျှောက်၍သွားကြသူတို့ကဲ့ သို့ပျော်ရွှင်ကြလိမ့်မည်။
Joel 1:16ငါတို့သည်မိမိတို့၏ကောက်ပဲသီးနှံများ အဖျက်အဆီးခံရချိန်၌ပင်မည်သို့မျှမတတ်နိုင်၊ငေး၍ကြည့်နေရကြ၏။ ဘုရားသခင်၏ဗိမာန်တော်တွင်လည်းပျော်ရွှင်မှုမရှိတော့ပေ။