တရားဟောရာကျမ်း 17:12
တာဝန်ကျတရားသူကြီးသို့မဟုတ်ယဇ် ပုရောဟိတ်၏စီရင်ဆုံးဖြတ်ချက်ကို မနာ ခံသောသူအားသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်ဣသရေလလူမျိုးမှထို ဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 15:30တိုင်းရင်းဖွားဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေတမင်သက်သက်အပြစ် ပြုမိလျှင်မူကား ထိုသူသည်ထာဝရဘုရား အားမထီမဲ့မြင်ပြုခြင်းဖြစ်သောကြောင့် သူ့ကိုသေဒဏ်စီရင်ရမည်။-
Deuteronomy 10:8တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
Deuteronomy 13:6``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
Deuteronomy 17:7သက်သေခံများကထိုသူကိုကျောက်ခဲနှင့် အဦးဆုံးပစ်ပြီးမှအခြားသူများက ကျောက်ခဲနှင့်ပစ်ရမည်။ ဤနည်းအားဖြင့် ထိုဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။''
Deuteronomy 18:7ထိုဌာနတော်တွင်အမှုတော်ကိုထမ်းဆောင် လျက်ရှိသည့် အခြားလေဝိအမျိုးသားများ နည်းတူအမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိ သည်။-
Joshua 1:18ကိုယ်တော်၏အာဏာကိုဖီဆန်၍အမိန့် ကိုမနာခံသောသူအား သေဒဏ်ခံစေ ပါမည်။ သို့ဖြစ်၍အားမာန်တင်း၍ ရဲရင့် ခြင်းရှိတော်မူပါ'' ဟု ဖြေကြားကြ၏။