တရားဟောရာကျမ်း 19:19
အစွပ်စွဲခံရသူခံရမည့်အပြစ်ဒဏ်ကိုသူ့ အားခံစေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ထိုသို့သောဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 13:5သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''
Deuteronomy 17:7သက်သေခံများကထိုသူကိုကျောက်ခဲနှင့် အဦးဆုံးပစ်ပြီးမှအခြားသူများက ကျောက်ခဲနှင့်ပစ်ရမည်။ ဤနည်းအားဖြင့် ထိုဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။''
Deuteronomy 21:20မိဘတို့က`အကျွန်ုပ်တို့၏သားသည်ခေါင်း မာ၍မိဘကိုတော်လှန်၍ မိဘစကားကို နားမထောင်ပါ။ ငွေကိုဖြုန်းတီး၍အရက် သေစာသောက်ကြူးပါသည်' ဟူ၍လျှောက် ဆိုရမည်။-
Deuteronomy 22:24သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။
Proverbs 19:5မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကို သုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ။
Jeremiah 14:15ငါမစေလွှတ်ဘဲငါ၏နာမတော်ကိုအမှီ ပြု၍ ဤပြည်တွင်စစ်မက်နှင့်ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ် ဟု ဟောပြောကြသူပရောဖက်တို့အားအဘယ် သို့ငါပြုမည်ကို သင့်အားငါထာဝရဘုရား ဖော်ပြမည်။ ငါသည်သူတို့အားစစ်ပွဲတွင် ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်း ဘေးသင့်၍သေစေမည်။-