တရားဟောရာကျမ်း 19:6
အကယ်၍ခိုလှုံရာမြို့တစ်မြို့တည်းသာရှိ လျှင် ခရီးကွာဝေးလှသောကြောင့်သေသူ အတွက်လက်စားချေလိုသူက သတ်သူနောက် သို့လိုက်၍မီသော်ဒေါသအလျောက်အပြစ် မဲ့သူတစ်ယောက်ကိုသတ်မိနိုင်သည်။ စင်စစ် အားဖြင့်ထိုသူသည်မိမိ၏ရန်သူမဟုတ် သူကိုမတော်တဆသတ်မိခြင်းသာဖြစ်၏။-
Common Language Bible
In The King James Version
In Context
7ထိုကြောင့်ငါသည်သင်တို့အားမြို့သုံးမြို့ ကို သီးသန့်သတ်မှတ်ထားရှိစေခြင်းဖြစ် သည်။''
Cross References
Numbers 35:12ထိုမြို့များတွင်သူသည်သေဆုံးသူနှင့်သွေး တော်စပ်သူ၏လက်စားချေခြင်းမှလွတ်ကင်း လိမ့်မည်။ လူအသက်ကိုသတ်သောသူအား လူ ပရိသတ်ရှေ့တရားရုံးတွင်စီရင်ခြင်းမပြု ဘဲသေစားမသေစေရ။-
Joshua 20:5လက်စားချေရန်လိုက်လာသူသည်ထိုအရပ် သို့ရောက်ရှိလာလျှင်မြို့သူမြို့သားတို့က ထွက်ပြေးခိုလှုံသူအား ထိုသူ၏လက်သို့ မအပ်ရ။ သူသည်မိမိအမျိုးသားချင်းကို ရန်ငြိုးမရှိဘဲမတော်တဆသတ်မိသည် ဖြစ်သောကြောင့်သူ့အားအသက်ဘေးမှ ကာကွယ်ပေးရမည်။-
Jeremiah 26:15သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။