တရားဟောရာကျမ်း 2:8
``သို့ဖြစ်၍ငါတို့သည်ဧလပ်မြို့နှင့်ဧဇ ယုန်ဂါဗာမြို့များမှပင်လယ်သေသို့သွား ရာလမ်းမှခွဲထွက်၍ အရှေ့မြောက်ရှိမောဘ ပြည်သို့သွားသောတောကန္တာရလမ်းသို့ခရီး ဆက်ကြသည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 20:21ဧဒုံအမျိုးသားတို့ကမိမိတို့ပြည်ကိုဖြတ် သန်းခွင့်မပြုကြသောကြောင့် ဣသရေလ အမျိုးသားတို့သည်လှည့်လည်၍အခြား သောလမ်းဖြင့်ခရီးဆက်ကြလေသည်။
Deuteronomy 1:1ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
1 Kings 9:26ရှောလမုန်မင်းသည်ဧဒုံပြည်၊ ဧလုတ်မြို့အနီး အကွာဗာပင်လယ်ကွေ့ကမ်းခြေပေါ်ရှိဧဇယုန် ဂါဗာမြို့တွင်သင်္ဘောများကိုလည်းတည်ဆောက် လေသည်။-
2 Kings 16:6(ထိုအချိန်၌ပင်လျှင်ဧဒုံဘုရင်သည်ဧလတ် မြို့ကိုပြန်လည်သိမ်းယူပြီးနောက် ထိုပြည်တွင် နေထိုင်သူယုဒပြည်သားတို့အားနှင်ထုတ် လိုက်လေသည်။ ဧဒုံပြည်သားတို့သည်ဧလတ် မြို့သို့လာရောက်နေထိုင်၍ယနေ့တိုင်အောင် ရှိနေကြသတည်း။-)