တရားဟောရာကျမ်း 20:17
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန် အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုး သား၊ ယေဗုသိအမျိုးသားအပေါင်းတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 15:21အာမောရိအမျိုးသား၊ ခါနနိအမျိုးသား၊ ဂိရဂါရှိအမျိုးသားနှင့်ယေဗုသိအမျိုး သားတို့၏ပြည်များအပါအဝင် အီဂျစ် ပြည်နယ်စပ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ် ပြန့်သောဒေသတစ်ခုလုံးကို သင်၏အမျိုး အနွယ်တို့အားငါပေးအပ်မည်ဟုကတိ ပြုသည်'' ဟုမိန့်တော်မူ၏။
Deuteronomy 7:1``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့သိမ်းယူမည့်ပြည်သို့သင်တို့ကို ပို့ဆောင်လျက် ထိုပြည်တွင်နေထိုင်သောသင်တို့ ထက်လူဦးရေများ၍အင်အားကြီးသောဟိတ္တိ လူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါ နာနိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတည်းဟူသောလူမျိုးခုနစ် မျိုးတို့ကိုနှင်ထုတ်တော်မူလိမ့်မည်။-
Isaiah 34:5ထာဝရဘုရားသည်ဋ္ဌားတော်ကိုကောင်းကင် ဘုံတွင် အသင့်ပြင်ဆင်တော်မူပြီးမှဆုံးပါး ပျက်စီးရန် အပြစ်ဒဏ်စီရင်ထားတော်မူ သောဧဒုံပြည်သူတို့အပေါ်သို့သက်ရောက် စေတော်မူလိမ့်မည်။-
Jeremiah 50:35ထာဝရဘုရားက``ဗာဗုလုန်ပြည်သည် ပျက်ပြုန်း ရလိမ့်မည်။ ပြည်သူပြည်သားများ၊အုပ်စိုးသူများနှင့် ပညာရှိများသည်သေဆုံးရကြလိမ့်မည်။
Revelation 19:18သင်တို့သည်ရှင်ဘုရင်တို့၏အသား၊ ဗိုလ်ချုပ် ကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ လူ ကြီးလူငယ်၊ ကျွန်နှင့်ကျွန်မဟုတ်သူတို့၏ အသားကိုစားကြရလတ္တံ့'' ဟုအသံကျယ် စွာကြွေးကြော်လေသည်။