တရားဟောရာကျမ်း 20:5
``ထိုနောက်စစ်ဗိုလ်များက`သင်တို့တွင်အိမ် သစ်တစ်ဆောင်ကိုဆောက်၍ ဘုရားသခင်ထံ ဆက်ကပ်ခြင်းမပြုရသေးသူရှိသလော။ ရှိလျှင်ထိုသူသည်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံး ခဲ့သော်အခြားသူတစ်ယောက်က သူ့အိမ် ကိုဘုရားသခင်ထံဆက်ကပ်ရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 31:48ထိုနောက်တပ်မှူးတို့သည် မောရှေထံသို့လာ ရောက်၍``အကျွန်ုပ်တို့၏လက်အောက်ရှိစစ်သည် များကိုရေတွက်ရာ တစ်ယောက်မျှပျောက်ဆုံး ခြင်းမရှိကြောင်းတွေ့ရပါသည်။-
Deuteronomy 16:18``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-
Nehemiah 12:27ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။