တရားဟောရာကျမ်း 21:14
ထို့နောက်သင်သည်သူ့ကိုမယားအဖြစ်သိမ်း ပိုက်နိုင်သည်။ နောင်အခါသူနှင့်မပေါင်းသင်း လိုလျှင် လွတ်လပ်စွာသွားခွင့်ပြုရမည်။ သင် သည်သူ့အားမယားအဖြစ်အတင်းအဋ္ဌမ္မ သိမ်းပိုက်ခဲ့သည်ဖြစ်သောကြောင့် ကျွန်အဖြစ် မစေစားရ။ ငွေနှင့်လည်းမရောင်းရ။''
Common Language Bible
In The King James Version
In Context
Cross References
Exodus 21:7``တစ်စုံတစ်ယောက်သောသူသည်သမီးကိုကျွန် အဖြစ်ရောင်းလျှင်၊ ထိုကျွန်မိန်းမသည်ကျွန် ယောကျာ်းတို့ကဲ့သို့လွတ်မြောက်ခွင့်မရနိုင်။-
Deuteronomy 22:19ထိုသူသည်ဣသရေလအမျိုးသမီးတစ် ဦးအားအသရေဖျက်သဖြင့် ငွေသားတစ် ရာကိုဒဏ်ဆောင်စေရမည်။ ထိုဒဏ်ငွေကို မိန်းမ၏ဖခင်အားပေးရမည်။ ထို့အပြင်သူ သည်မိန်းမကိုသူ၏မယားအဖြစ်ဆက် လက်ပေါင်းသင်းစေရမည်။ သူအသက်ရှင် နေသမျှကာလပတ်လုံး ထိုမိန်းမကို မကွာရှင်းစေရ။
Deuteronomy 22:29သူသည်ထိုမိန်းမ၏ဖခင်အား မင်္ဂလာကြေး ငွေသားငါးဆယ်ပေးလျော်စေရမည်။ ထိုသူ သည်မိန်းမနှင့်အဋ္ဌမ္မကာမစပ်ယှက်ခဲ့သဖြင့် မိမိ၏မယားအဖြစ်သိမ်းပိုက်ရမည်။ သူ အသက်ရှင်နေသမျှကာလပတ်လုံးထို မိန်းမကိုမကွာရှင်းစေရ။