တရားဟောရာကျမ်း 24:19
``သင်တို့သည်ကောက်ပင်များကိုရိတ်သိမ်း သောအခါ ကျန်ရစ်သောကောက်လှိုင်းများကို တစ်ပတ်ပြန်ကြော့၍မစုသိမ်းရ။ ထိုကောက် လှိုင်းများကိုလူမျိုးခြားများ၊ မိဘမဲ့ ကလေးများနှင့်မုဆိုးမများအတွက်ချန် ထားခဲ့ရမည်။ ယင်းအတိုင်းပြုပါမူသင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့ပြုလေသမျှကိုကောင်းချီးပေးတော်မူ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 23:22ကောက်ရိတ်သည့်အခါလယ်ကွက်အနားတစ် လျှောက်ရှိကောက်ပင်များကိုမရိတ်နှင့်၊ ကျန် ကြွင်းသောကောက်နှံများကိုပြန်ကျော့၍မ ရိတ်ရ။ ထိုကောက်ပင်အကျန်အကြွင်းများ ကိုဆင်းရဲသားနှင့်လူမျိုးခြားတို့အတွက် ချန်ထားရမည်။ ထာဝရဘုရားသည် သင်တို့ ၏ဘုရားသခင်ဖြစ်တော်မူ၏။
Deuteronomy 15:10ထိုသူအားတွန့်တိုသောစိတ်မရှိဘဲစေတနာ ဖြင့်ပေးကမ်းလော့။ ထိုအခါ၌ထာဝရဘုရား သည်သင်ပြုသမျှကိုကောင်းချီးပေးတော် မူလိမ့်မည်။-
Deuteronomy 26:13`အကျွန်ုပ်သည်ပေးကမ်းရန်သီးသန့်ထား သောဆယ်ဖို့တစ်ဖို့ကို အိမ်တွင်ခြွင်းချန်မ ထားပါ။ ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများအား ပေးကမ်းပါပြီ။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ ကိုယ်တော်ပညတ်သမျှတို့ကိုမချိုးဖောက်၊ မမေ့လျော့ပါ။-
Job 31:16ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
Psalms 41:1ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။ ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
Proverbs 11:24စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။