တရားဟောရာကျမ်း 25:15
သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် သင်တို့ အသက်ရှည်စွာနေထိုင်နိုင်ရန်မှန်ကန် တိကျသော အလေး၊ တင်း၊ တောင်းများကို အသုံးပြုကြလော့။-
Common Language Bible
In The King James Version
In Context
16ထာဝရဘုရားသည် လိမ်လည်လှည့်ဖြား သောသူများကိုရွံရှာတော်မူ၏။
Cross References
Exodus 20:12``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။
Deuteronomy 4:40ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
Deuteronomy 5:33သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။
Deuteronomy 11:9ထို့အပြင်သင်တို့၏ဘိုးဘေးတို့နှင့်သူတို့ အဆက်အနွယ်များအားပေးမည်ဟူ၍ ထာဝရ ဘုရားကတိထားတော်မူသောအစာရေစာ ပေါကြွယ်ဝသည့်ပြည်တွင် သင်တို့သည်ကြာ ရှည်စွာ နေထိုင်ရကြလိမ့်မည်။-
Psalms 34:12သင်တို့သည်ပျော်ပျော်ပါးပါးနေထိုင်လို ကြပါသလော။ အသက်ရှည်ခြင်းနှင့်တကွပျော်ရွှင်ခြင်းကို လိုလားကြပါသလော။