တရားဟောရာကျမ်း 25:19
သို့ဖြစ်၍သင်တို့သည်ဘုရားသခင်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ရောက်၍ ပတ်ဝန်းကျင်ရန်သူတို့၏တိုက်ခိုက်မှုမှကင်း လွတ်ပြီးအေးချမ်းစွာနေထိုင်ရသောအခါ အာမလက်အမျိုးသားတို့ကိုတစ်ယောက် မကျန်သုတ်သင်ပစ်ရန်မမေ့ကြနှင့်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 17:14ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
Deuteronomy 3:18``တစ်ချိန်တည်းမှာပင် ငါသည်သူတို့အား`ငါ တို့၏ဘုရားသခင်ထာဝရဘုရားသည် ယော်ဒန်မြစ်အရှေ့ဘက်တွင်ရှိသောဤပြည် ကို သင်တို့အားသိမ်းယူစေတော်မူပြီ။ ယခု သင်တို့၏စစ်သူရဲတို့ကိုလက်နက်စွဲကိုင် စေလော့။ အခြားသောဣသရေလအနွယ် ဝင်တို့နယ်မြေရရှိရေးအတွက် စစ်ကူ တိုက်ခိုက်ရန်သူတို့အလျင်ယော်ဒန်မြစ် ကိုဖြတ်ကူးစေလော့။-
Deuteronomy 21:23ညအိပ်၍မထားရ။ အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားခြင်းသည်တိုင်းပြည်အတွက် အမင်္ဂလာဖြစ်သောကြောင့် အလောင်းကိုနေ့ ချင်းတွင်းမြှုပ်နှံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူမည့်ပြည် ကို မညစ်ညမ်းစေရန်ထိုအလောင်းကိုမြှုပ်နှံ လော့။''
Joshua 7:12ထိုကြောင့်ဣသရေလအမျိုးသားတို့သည် ရန်သူများကိုယှဉ်ပြိုင်၍မတိုက်နိုင်ကြ။ သူ တို့ကိုယ်တိုင်ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်၍ ရန်သူများထံမှဆုတ်ခွာခဲ့ရကြ၏။ သင်တို့ကိုမယူရဟုငါပညတ်သော်လည်း သင်တို့ယူထားသောပစ္စည်းများကိုဖျက်ဆီး မပစ်လျှင် ငါသည်သင်တို့နှင့်အတူရှိတော် မူမည်မဟုတ်။-
Joshua 23:1ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-
1 Samuel 15:1ရှမွေလသည်ရှောလုအား``ထာဝရဘုရား သည်မိမိ၏လူစုဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ် သင့်အားဘိသိက်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ သို့ဖြစ်၍အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ သောစကားကိုနားထောင်လော့။-