တရားဟောရာကျမ်း 25:9
သူ့မရီးသည်မြို့အကြီးအကဲတို့ရှေ့တွင် ထို သူ၏ဖိနပ်တစ်ဖက်ကိုချွတ်၍သူ့မျက်နှာ ကိုတံတွေးထွေးလျက်`အစ်ကို၏မျိုးဆက်ကို မပွားစေလိုသူအား ဤသို့ပြုသင့်သည်' ဟု ဆိုရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 12:14ထာဝရဘုရားကမောရှေအား``အကယ်၍ သူ၏ဖခင်သည်သူ၏မျက်နှာကိုတံတွေး နှင့်ထွေးလျှင် သူသည်ခုနစ်ရက်ပတ်လုံး အရှက်ခွဲခြင်းခံရမည်မဟုတ်လော။ ထို ကြောင့်သူ့ကိုစခန်းအပြင်တွင်ခုနစ်ရက် မျှသီးခြားနေထိုင်စေလော့။ ရက်စေ့လျှင် သူ့ကိုစခန်းအတွင်းသို့ပြန်လည်ခေါ်ဆောင် ရမည်'' ဟုမိန့်တော်မူ၏။-
Ruth 4:7ထိုစဉ်အခါက အရောင်းအဝယ်ပြုလုပ်သည့် အခါ၌သော်လည်းကောင်း၊ ပစ္စည်းချင်းလဲလှယ် သည့်အခါ၌သော်လည်းကောင်း ရောင်းသူသည် မိမိဖိနပ်ကိုချွတ်၍ ဝယ်သူအားပေးရသည့် ဋ္ဌလေ့ထုံးစံရှိပေသည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အရောင်း အဝယ်ပြီးပြတ်သည့်အထိမ်းအမှတ်ကို ပြုကြ၏။
Ruth 4:10ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။
Job 30:10ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ။
Isaiah 50:6ငါသည်မိမိကိုရိုက်နှက်သူတို့အားကျောခင်း ၍ ပေးပါ၏။ ငါ၏မုတ်ဆိတ်မွေးတို့ကိုဆွဲနုတ်ပြီးလျှင် ငါ၏မျက်နှာကိုတံတွေးနှင့်ထွေး၍၊ ငါ့ကိုသူတို့စော်ကားကြသောအခါငါသည် သူတို့အားဆီးတားမှုကိုမပြု။
Matthew 27:30သူတို့သည်ကိုယ်တော်ကိုတံတွေးနှင့်ထွေးကြ၏။ ကူရိုးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏။-