တရားဟောရာကျမ်း 26:2
သင်တို့သည်လက်ဦးလက်ဖျားအသီးအနှံ အမျိုးမျိုးကိုတောင်းထဲ၌ထည့်ပြီးလျှင် တစ်ခုတည်းသောကိုးကွယ်ရာဌာနသို့ယူ ဆောင်သွားရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 22:29``သင်တို့၏အဦးဆုံးရိတ်သိမ်းသောအသီး အနှံ၊ အဦးဆုံးညှစ်သောစပျစ်ရည်ကိုငါ့ အားဆက်ကပ်ရမည်။ ``သင်တို့၏သားဦးများကိုငါ့အားဆက်ကပ် ရမည်။-
Exodus 23:19``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
Leviticus 2:12သင်တို့နှစ်စဉ်အဦးဆုံးရိတ်သိမ်းသည့် ကောက်ပဲသီးနှံကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ သို့ရာတွင်ယင်းကိုပလ္လင် ပေါ်တွင်မီးမရှို့ရ။-
Numbers 18:12``ဣသရေလအမျိုးသားတို့ကငါ့အားနှစ် စဉ်ဆက်သသောအဦးသီးသောအသီးအနှံ များမှအကောင်းဆုံးသံလွင်ဆီ၊ အကောင်းဆုံး စပျစ်ရည်နှင့်အကောင်းဆုံးစပါးတို့ကို သင့်အားငါပေး၏။-
Deuteronomy 12:5ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
Deuteronomy 18:4စပါး၊ စပျစ်ရည်၊ သံလွင်ဆီနှင့်သိုးမွေးတို့ မှအဦးအဖျားဝေစုကိုလည်းပေးရမည်။-