တရားဟောရာကျမ်း 27:2
ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူ မည့်ပြည်သို့ဝင်ရောက်သောနေ့တွင် ကျောက် တုံးကြီးများကိုစိုက်ထူ၍အင်္ဂတေလိမ်း ကျံရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 9:1``ဣသရေလအမျိုးသားတို့နားထောင်ကြ လော့။ သင်တို့သည်ယနေ့ယော်ဒန်မြစ်တစ်ဘက် သို့ကူးပြီးလျှင် သင်တို့ထက်များပြား၍အင် အားကြီးသောလူမျိုးများ၏ပြည်ကိုသိမ်း ယူရတော့မည်။ သူတို့၏မြို့တို့သည်ကြီး၍ မိုးထိမြင့်သောမြို့ရိုးဖြင့်ကာကွယ်ထား၏။-
Deuteronomy 26:1``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်သို့ ဝင်ရောက် သိမ်းပိုက်နေထိုင်ကြသောအခါ၊-
Joshua 1:11စခန်းတစ်ခုလုံးရှိလူတို့ထံသို့သွားစေပြီး လျှင်``သုံးရက်အတွင်းသင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူမည့်ပြည် ကိုသိမ်းယူရန် ယော်ဒန်မြစ်ကိုဖြတ်ကူးရ မည်ဖြစ်၍လိုအပ်သောရိက္ခာကိုစုဆောင်း ထားကြလော့'' ဟူ၍ကြေညာစေ၏။
Joshua 4:5``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့က ယော်ဒန်မြစ်ထဲ သို့ဆင်းလော့။ ဣသရေလတစ်နွယ်စီအတွက် တစ်ဦးလျှင်ကျောက်တုံးတစ်တုံးကျသယ် ဆောင်ခဲ့ရမည်။-
Joshua 8:32ယောရှုသည်ကျောက်များပေါ်တွင်မောရှေရေး ခဲ့သော ပညတ်တရားကိုဣသရေလအမျိုး သားတို့၏မျက်မှောက်၌ကူးရေးလေသည်။-
Ezekiel 11:19သူတို့အားစိတ်သဘောတညီတညွတ်တည်း ဖြစ်စေ၍ စိတ်သစ်နှလုံးသစ်ကိုငါပေးမည်။ ငါသည်သူတို့၏ခိုင်မာသောကျောက်နှလုံး ကိုယူပစ်၍ နာခံတတ်သောနှလုံးကိုပေး မည်။-