တရားဟောရာကျမ်း 28:22
ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
23မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။-
Cross References
Leviticus 26:16ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
1 Kings 17:7ကာလအတန်ကြာသောအခါမိုးခေါင်သဖြင့် ချောင်းရေသည်ခန်းခြောက်လေ၏။
Jeremiah 14:12အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
Amos 4:9``ငါသည်လေပူကိုတိုက်ခတ်စေ၍သင်တို့ ၏ကောက်ပင်များနွမ်းခြောက်စေခဲ့၏။ သင်တို့ ၏သဖန်းပင်၊ သံလွင်ပင်၊ စပျစ်ဥယျာဉ်နှင့် ကိုင်းကျွန်းလယ်ယာတို့သည် ကျိုင်းကောင်များ ဒဏ်ကိုခံခဲ့ရပြီ။ သို့သော်လည်းသင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေကြလေပြီ။
Haggai 2:19သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။