The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 28 › တရားဟောရာကျမ်း 28:25

တရားဟောရာကျမ်း 28:25

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

The LORD shall cause thee to be smitten before thine enemies: thou shalt go out one way against them, and flee seven ways before them: and shalt be removed into all the kingdoms of the earth.

In Context

24ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ရွာ​စေ​မည့်​အ​စား ဖုံ​မုန်​တိုင်း၊ သဲ​မုန်​တိုင်း​များ​ကျ​ရောက်​စေ သ​ဖြင့်​သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကုန် ကြ​လိမ့်​မည်။

26သင်​တို့​သေ​ဆုံး​သော​အ​ခါ​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​တို့​က သင်​တို့​၏​အ​သား ကို​စား​ကြ​လိမ့်​မည်။ ထို​ငှက်​နှင့်​သား​ရဲ တိ​ရစ္ဆာန်​များ​ကို​မောင်း​နှင်​မည့်​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-

Read all of တရားဟောရာကျမ်း 28

Cross References

Leviticus 26:36``သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​သို့​ရောက်​ရှိ​နေ​ထိုင် ရ​စဉ် လေ​တိုက်​ခတ်​သော​သစ်​ရွက်​သံ​ကို​ကြား​ရုံ မျှ​ဖြင့်​ကြောက်​လန့်​ထွက်​ပြေး​ရ​လိမ့်​မည်။ သင်​တို့ သည်​စစ်​ပွဲ​၌​ရန်​သူ​လိုက်​၍​ပြေး​ရ​ဘိ​သ​ကဲ့ သို့​ပြေး​ရ​လိမ့်​မည်။ အ​နီး​တွင်​ရန်​သူ​မ​ရှိ​ဘဲ လဲ​ကျ​လိမ့်​မည်။-

Deuteronomy 32:30လူ​တစ်​ထောင်​တပ်​ကို​လူ​တစ်​ယောက် က​လည်း​ကောင်း၊ လူ​တစ်​သောင်း​တပ်​ကို​လူ​နှစ်​ယောက်​တို့ က​လည်း​ကောင်း အ​ဘယ်​ကြောင့်​နှိမ်​နင်း​နိုင်​ခဲ့​သ​နည်း။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့်​တည်း။ သူ​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ရန်​သူ​လက်​သို့​အပ်​တော်​မူ သော​ကြောင့်​တည်း။

Isaiah 30:17ရန်​သူ​တစ်​ယောက်​ကို​မြင်​လျှင်​သင်​တို့​ဘက် မှ​လူ​တစ်​ထောင်​ထွက်​ပြေး​ကြ​လိမ့်​မည်။ ရန် သူ​ငါး​ယောက်​ဆို​လျှင် သင်​တို့​အား​လုံး​ပင် ထွက်​ပြေး​ကြ​လိမ့်​မည်။ တောင်​ထိပ်​တွင်​အ​ထီး တည်း​စိုက်​ထူ​ထား​သည့်​အ​လံ​တိုင်​မှ​တစ်​ပါး သင်​တို့​၏​တပ်​မ​တော်​မှ​အ​ဘယ်​အ​ရာ​မျှ ကျန်​ရှိ​ခဲ့​လိမ့်​မည်​မ​ဟုတ်။-

Jeremiah 24:9ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​ထိတ် လန့်​တုန်​လှုပ်​သွား​လောက်​အောင် ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ သူ​တို့​အား​လူ​တို့​သည်​ပြက် ရယ်​ပြု​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​ကြောင်း ကို​ပြက်​လုံး​ထုတ်​လျက်​သ​ရော်​ပြော​ဆို ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ကွဲ​လွင့်​စေ သည့်​အ​ရပ်​မှန်​သ​မျှ​တို့​၌​လည်း သူ​တို့ ၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ​ရာ​တွင် အ​သုံး​ပြု​ကြ​လိမ့်​မည်။-

Jeremiah 34:17သို့​သော်​လည်း​သင်​တို့​သည်​ငါ​၏​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား အ​ချင်း​ချင်း​တို့​အား​လည်း လွတ်​လပ်​ခွင့် မ​ပေး​ခဲ့​ကြ​ဟု​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဆို​၏။ ထို့​ကြောင့်​သင်​တို့​အား​စစ်​ဘေး၊ အ​နာ ရော​ဂါ​ဘေး​နှင့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး တို့​ဖြင့် လွတ်​လပ်​စွာ​သေ​ရ​ခြင်း​တည်း​ဟူ သော​လွတ်​လပ်​ခွင့်​ကို​ငါ​ပေး​မည်။ ငါ​သည် သင်​တို့​အား​ပြု​သည့်​အမှု​ကြောင့် ကမ္ဘာ​ပေါ် ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​ထိတ်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။-

Hosea 8:3သူ​တို့​သည်​မွန်​မြတ်​သော​အ​ရာ​ကို​စွန့်​ပစ် ကြ​ပြီ​ဖြစ်​၍ ရန်​သူ​များ​သည်​သူ​တို့​ကို လိုက်​လံ​တိုက်​ခိုက်​ကြ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 28:25

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 28:24တရားဟောရာကျမ်း 28တရားဟောရာကျမ်း 28:26 →