တရားဟောရာကျမ်း 28:54
ယင်းသို့မြို့ကိုရန်သူပိုင်ထားစဉ်ဆာလောင် ငတ်မွတ်သောသူသည် ယဉ်ကျေးသောသူပင် ဖြစ်လင့်ကစား မိမိသားသမီး၏အသား ကိုစားလိမ့်မည်။ သူသည်မိမိညီအစ်ကို၊ ချစ် သောဇနီး၊ ကျန်သောသားသမီးတို့အား ထိုအသားကိုဝေမျှ၍စားမည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 13:6``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
2 Samuel 12:3သူဆင်းရဲ၌ကားမိမိဝယ်ထားသောသိုးကလေး တစ်ကောင်သာရှိ၏။ သူသည်ထိုသိုးငယ်ကိုကြည့်ရှု စောင့်ရှောက်၏။ သိုးငယ်သည်သမီးသဖွယ်အိမ်တွင် သားသမီးများနှင့်အတူကြီးပြင်းလာသည်။ သူသည်သိုးငယ်အားမိမိစားသည့်အစား အစာကိုကျွေးတတ်၏။ မိမိ၏သောက်ရေခွက် မှရေကိုတိုက်၍ပေါင်ပေါ်တွင်ချီပွေ့ထား တတ်၏။-
Proverbs 23:6မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။
Isaiah 49:15ထာဝရဘုရားက ``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
Matthew 7:9သင်တို့တွင်မိမိ၏သားကမုန့်ကိုတောင်းလျှင် ကျောက်ခဲကိုပေးမည့်သူ၊-
Luke 11:11သင်တို့တွင်အဘယ်ဖခင်သည်မိမိ၏သား ကငါးကိုတောင်းလျှင်မြွေကိုပေးမည်နည်း။-