တရားဟောရာကျမ်း 29:1
သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 19:3မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-
Exodus 24:2သင်တစ်ယောက်တည်းသာငါ့အနီးသို့ချဉ်းကပ် ရမည်။ အခြားသောသူတို့သည်ငါ့အနီးသို့ မချဉ်းကပ်စေရ။ လူထုမူကားတောင်ပေါ်သို့ မတက်ရ'' ဟုမိန့်တော်မူ၏။
Deuteronomy 1:1ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
Deuteronomy 4:13ထာဝရဘုရားကသင်တို့နှင့်ပြုသောပဋိ ညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို လိုက်နာရမည့်အကြောင်းမိန့်မြွက်တော်မူ၏။ ယင်းပညတ်တော်များကိုကျောက်ပြားနှစ် ပြားပေါ်တွင်ရေးထားတော်မူ၏။-
Deuteronomy 5:2ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သိနာတောင်ပေါ်တွင်ငါတို့နှင့်ပဋိညာဉ် ပြုတော်မူ၏။-
Deuteronomy 29:21ဤပညတ်တွင်ရေးထားသောပဋိညာဉ်အ မင်္ဂလာများနှင့်အညီသူသည်ဘေးဒဏ် သင့်သဖြင့် ဣသရေလအနွယ်အပေါင်း တို့အတွက်သင်ခန်းစာယူစရာဖြစ် တော်မူလိမ့်မည်။