တရားဟောရာကျမ်း 29:19
ယနေ့ဤပညတ်များကိုကြားရပြီး နောက် မိမိအလိုအတိုင်းကျင့်မြဲကျင့်နေ သော်လည်း အစစအရာရာ၌အဆင် ပြေလိမ့်မည်ဟုစိတ်ချယုံကြည်သူမရှိ စေနှင့်။ သို့သော်သင်တို့တွင်ကောင်းသူဆိုး သူမကျန် အားလုံးပျက်စီးဆုံးရှုံးရ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 15:39သင်တို့သည်ပန်းပွားများကိုမြင်သည့် အခါတိုင်း ငါ၏ပညတ်ရှိသမျှကို သတိရ၍လိုက်နာကျင့်ဆောင်ကြလိမ့် မည်။ ထိုအခါသင်တို့သည်ငါ့ကိုစွန့်ပယ်၍ မိမိတို့အလိုအတိုင်းပြုမူကျင့်ဆောင် ကြမည်မဟုတ်တော့ချေ။-
Deuteronomy 28:15``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Psalms 10:11သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
Psalms 94:6သူတို့သည်မုဆိုးမများနှင့်မိဘမဲ့ သူတို့အား သတ်ဖြတ်ကြပါ၏။ ကျွန်တော်မျိုးတို့ပြည်တွင်နေထိုင်ကြသော ဧည့်သည်တို့ကိုသတ်ကြပါ၏။