တရားဟောရာကျမ်း 29:20
ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 20:5ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
Exodus 34:14``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။-
Deuteronomy 25:19သို့ဖြစ်၍သင်တို့သည်ဘုရားသခင်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ရောက်၍ ပတ်ဝန်းကျင်ရန်သူတို့၏တိုက်ခိုက်မှုမှကင်း လွတ်ပြီးအေးချမ်းစွာနေထိုင်ရသောအခါ အာမလက်အမျိုးသားတို့ကိုတစ်ယောက် မကျန်သုတ်သင်ပစ်ရန်မမေ့ကြနှင့်။
Deuteronomy 28:15``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Psalms 69:28သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။
Psalms 78:50ကိုယ်တော်သည်အမျက်တော်ကိုချုပ်တည်းတော်မမူ။ ထိုသူတို့၏အသက်ကိုလည်းချမ်းသာပေး တော်မမူ။ သူတို့အားကပ်ရောဂါအားဖြင့်သေကြေပျက်စီး စေတော်မူ၏။