တရားဟောရာကျမ်း 29:26
သူတို့သည်ထာဝရဘုရားကမကိုးကွယ် ရန်တားမြစ်ထားသောဘုရားများဖြစ်သည့် ယခင်ကမကိုးကွယ်ဘူးသောဘုရားများ ကိုကိုးကွယ်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Judges 2:12သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-
2 Kings 17:7ရှမာရိမြို့ကျဆုံးရသည်မှာဣသရေလအမျိုး သားတို့သည် မိမိတို့အားအီဂျစ်ဘုရင်၏လက် မှကယ်ဆယ်ကာအီဂျစ်ပြည်မှထုတ်ဆောင်လာ တော်မူသော မိမိတို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားကြသောကြောင့်ဖြစ်၏။ သူတို့သည်အခြားဘုရားများကိုကိုးကွယ် ဝတ်ပြုကြ၏။-
Jeremiah 19:3ထာဝရဘုရားက``ယုဒဘုရင်များနှင့် ယေရုရှလင်မြို့သားတို့၊ ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်၊ ငါ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် ကြလော့။ ငါသည်ကြားသိရသူတို့ထိတ်လန့် သည်တိုင်အောင်ဆိုးရွားသည့်ဘေးအန္တရာယ် ကိုဤအရပ်သို့သက်ရောက်စေတော်မူမည်။-