တရားဟောရာကျမ်း 29:4
သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 16:35ဣသရေလအမျိုးသားတို့သည်သူတို့ နေထိုင်မည့်ပြည်သို့ရောက်သည့်တိုင်အောင် မန္နမုန့်ကိုနှစ်ပေါင်းလေးဆယ်စားသုံးရ ကြ၏။ သူတို့သည်ခါနာန်ပြည်နယ်စပ် သို့ရောက်သည်အထိမန္နမုန့်ကိုစားရ ကြ၏။-
Deuteronomy 2:30``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
Isaiah 6:9ဤသို့ဖြင့်ကိုယ်တော်သည်ငါ့အားထိုသူတို့ထံသို့စေလွှတ်ပြီးလျှင်``သူတို့အား`သင်တို့သည်ထပ်ကာထပ်ကာနားထောင်သော်လည်းနားလည်လိမ့်မည်မဟုတ်။ ထပ်ကာထပ်ကာကြည့်သော်လည်းအဖြစ်အပျက်ကိုသိလိမ့်မည်မဟုတ်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။-
Ezekiel 36:26ငါသည်သင်တို့အားစိတ်သစ်သဘောသစ် ကိုပေးမည်။ သင်တို့အထဲမှကျောက်ခဲနှလုံး ကိုထုတ်ယူကာနာခံတတ်သောနှလုံးကို ပေးမည်။-
John 8:43ငါဟောပြောသည့်တရားကိုအဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ သင်တို့တွင် ငါ၏တရားကို နာယူနိုင်စွမ်းမရှိသောကြောင့် ပင်ဖြစ်၏။-
Acts 28:26`ဤလူမျိုးထံသို့သွား၍ပြောကြားလော့။ သင်တို့သည်ကြိုးစား၍နားထောင်သော်လည်း နားလည်လိမ့်မည်မဟုတ်။ ကြိုးစား၍ကြည့်သော်လည်းမြင်လိမ့်မည်မဟုတ်။