တရားဟောရာကျမ်း 3:4
တစ်ချိန်တည်းမှာပင်ငါတို့သည် သူပိုင်ဆိုင် သောမြို့ရှိသမျှကိုသိမ်းယူကြသည်။ ငါတို့ မသိမ်းယူသောမြို့ဟူ၍တစ်မြို့မှမရှိ။ ငါ တို့သည်မြို့ပေါင်းခြောက်ဆယ်၊ တစ်နည်းအား ဖြင့်ဗာရှန်ဘုရင်ကြီးစိုးသောအာဂေါဘ ဒေသတစ်ခုလုံးကိုသိမ်းယူကြသည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 32:33ထို့ကြောင့်မောရှေသည်အာမောရိဘုရင် ရှိဟုန်နှင့် ဗာရှန်ဘုရင်သြဃတို့ပိုင်သမျှ သောနယ်မြေနှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ ရွာများကိုဂဒ်အနွယ်ဝင်၊ ရုဗင်အနွယ်ဝင် နှင့်မနာရှေအနွယ်ဝင်တို့အားသတ်မှတ် ပေးလေသည်။-
Joshua 13:30သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။-