တရားဟောရာကျမ်း 31:13
ဤနည်းအားဖြင့်ထာဝရဘုရား၏ပညတ် တရားတော်ကိုမကြားဘူးသော သင်တို့၏ အဆက်အနွယ်တို့သည်ကြားရလိမ့်မည်။ သို့ မှသာသူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍သိမ်းယူမည့်ပြည်တွင်နေထိုင်သမျှကာလ ပတ်လုံး ထာဝရဘုရား၏အမိန့်တော်ကို နာခံလာတတ်ကြလိမ့်မည်'' ဟုဆိုလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 11:2ထာဝရဘုရားကိုသင်တို့ကိုယ်တိုင်ထိတွေ့ သိမြင်ခဲ့ရသဖြင့် ကိုယ်တော်၏အကြောင်း ကိုသိရပြီဖြစ်ကြောင်းယနေ့သိမှတ်ကြ လော့။ သင်တို့သာလျှင်ထိုသို့တွေ့ကြုံခံစား ခဲ့ရကြသည်။ သင်တို့၏သားသမီးများ မူကား ထိုအတွေ့အကြုံကိုမခံစားခဲ့ရ ကြ။ ထာဝရဘုရား၏ကြီးမြတ်တော်မူ ခြင်းဘုန်းတန်ခိုးတော်နှင့်၊-
Psalms 78:4ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သော အမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
Proverbs 22:6သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။