တရားဟောရာကျမ်း 31:9
သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 4:15စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
Deuteronomy 10:8တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
Deuteronomy 31:22ထိုနေ့တွင်မောရှေသည်ထိုသီချင်းကိုရေး သား၍ ဣသရေလအမျိုးသားတို့အား သင်ပေးလေသည်။
Deuteronomy 31:25ထို့နောက်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကိုထိန်းသိမ်းရသော လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်တို့အား၊-
Joshua 3:3``သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ယဇ်ပုရောဟိတ်များ ပင့်ဆောင်လာသည်ကိုမြင်လျှင် သင်တို့သည် စခန်းသိမ်း၍သူတို့နောက်သို့လိုက်ကြရ မည်။-
Joshua 6:12နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် နိုးထ၏။ ယဇ်ပုရောဟိတ်နှင့်စစ်သည်တို့သည် ဒုတိယအကြိမ်မြို့ကိုယခင်နည်းအတိုင်း လှည့်ပတ်ကြ၏။-