တရားဟောရာကျမ်း 32:10
``ကိုယ်တော်သည်သူတို့ကိုလေထန်သော တောကန္တာရ၌လှည့်လည်နေသည်ကို တွေ့မြင်တော်မူသဖြင့်၊ မိမိ၏ရင်သွေးသဖွယ်သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။
Common Language Bible
In The King James Version
In Context
9သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကို မိမိအတွက်ရွေးချယ်တော်မူ၏။
Cross References
Deuteronomy 4:36ကိုယ်တော်သည်သင်တို့အားသွန်သင်ရန် မိုး ကောင်းကင်မှမိန့်တော်မူသောအသံတော်ကို ကြားစေတော်မူပြီ။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့သည် ကိုယ်တော်၏မီးတောက်မီးလျှံ ကိုမြင်စေလျက် ထိုမီးထဲမှသင်တို့အား မိန့်ကြားတော်မူ၏။-
Nehemiah 9:19သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။ နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့် မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
Psalms 17:8ကိုယ်တော်၏မျက်ဆန်တော်ကဲ့သို့ကျွန်တော်မျိုးကို စောင့်ရှောက်တော်မူပါ။ သူယုတ်မာတို့၏တိုက်ခိုက်မှုမှကျွန်တော်မျိုးကို ကိုယ်တော်၏အတောင်တော်ရိပ်အောက်၌ ဖုံးအုပ်တော်မူပါ။ အသက်အန္တရာယ်ကိုရှာကြံသောရန်သူများ သည် ကျွန်တော်မျိုးကိုဝိုင်းရံလျက်နေကြပါ၏။
Psalms 107:4လူအချို့တို့သည်လမ်းမရှိသည့်သဲကန္တာရ တွင် လှည့်လည်လျက်နေခဲ့ကြ၏။ သူတို့သည်မိမိတို့နေထိုင်စရာမြို့သို့သွားရာ လမ်းကိုရှာ၍မတွေ့ကြ။
Proverbs 7:2ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
Jeremiah 2:6ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။