တရားဟောရာကျမ်း 32:42
ငါ၏မြားများတွင်သူတို့၏သွေးစက်စီး ကျလိမ့်မည်။ ငါ၏သန်လျက်သည်ငါ့အားဆန့်ကျင်သူ ရှိသမျှတို့ကိုသုတ်သင်လိမ့်မည်။ ငါ့ကိုရန်ဖက်ပြုသူတို့အားတစ်ယောက်မကျန် အဆုံးစီရင်မည်။ ဒဏ်ရာရသူနှင့်သုံ့ပန်းများပင်လျှင် သေဆုံးရလိမ့်မည်။'
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 32:23`` `ငါသည်သူတို့အားဘေးဒဏ်များကို အဆက်မပြတ်တွေ့ကြုံစေမည်။ ငါ၏မြားကုန်စင်အောင်သူတို့ကိုပစ်ခွင်းမည်။
Psalms 45:5မြားတော်တို့သည်ထက်သည်ဖြစ်၍ရန်သူတို့၏ နှလုံးသားကိုထိုးဖောက်ပါ၏။ လူမျိုးတကာတို့သည်ခြေတော်ရင်း၌လဲကြ ပါ၏။
Jeremiah 16:10``ဤအကြောင်းအရာများကိုပြည်သူတို့အား သင်ပြောပြသောအခါသူတို့က`ထာဝရ ဘုရားသည်အဘယ်ကြောင့်အကျွန်ုပ်တို့အား ဤမျှပြင်းထန်စွာအပြစ်ဒဏ်ခတ်ရန်ဆုံး ဖြတ်တော်မူပါသနည်း။ အကျွန်ုပ်တို့သည် အဘယ်ရာဇဝတ်မှုကိုကူးလွန်မိပါသ နည်း။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအား အဘယ်သို့ပြစ်မှားမိပါ သနည်း' ဟုသင့်အားမေးမြန်းကြလိမ့်မည်။-
Jeremiah 46:10ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
Lamentations 2:5ထာဝရဘုရားသည်ရန်သူသဖွယ်ဣသရေလ လူမျိုးအားဖျက်ဆီးမူ၏။ သူတို့၏ခံတပ်များနှင့်နန်းတော် အဆောက်အအုံများကိုယိုယွင်းပျက်စီးလျက် ကျန်ရစ်စေတော်မူလေပြီ။ ကိုယ်တော်သည်ယုဒပြည်သူတို့အားဝမ်းနည်း ကြေကွဲ၍မဆုံးနိုင်အောင်ပြုတော်မူပြီ။