တရားဟောရာကျမ်း 32:9
သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကို မိမိအတွက်ရွေးချယ်တော်မူ၏။
Common Language Bible
In The King James Version
For the LORD’S portion is his people; Jacob is the lot of his inheritance.
In Context
Cross References
Exodus 15:16ထိုသူအပေါင်းတို့သည်ကြောက်ရွံ့ထိတ်လန့် ကြ၏။ အို ထာဝရဘုရား၊ကိုယ်တော်၏လက်ရုံးတော်၊ တန်ခိုးတော်ကြောင့် ကျွန်ဘဝမှကိုယ်တော်လွတ်မြောက်စေတော် မူသော ကိုယ်တော်၏လူမျိုးတော်ဖြတ်သွားစဉ်သူတို့ သည် ကြောက်ရွံ့၍ကြက်သေသေလျက်နေကြပါ၏။
Deuteronomy 9:29စင်စစ်အားဖြင့်သူတို့သည်ကိုယ်တော်၏လူ မျိုးတော်အဖြစ်ရွေးချယ်၍ အီဂျစ်ပြည်မှ ကိုယ်တော်၏မဟာတန်ခိုးတော်နှင့်လက်ရုံး တော်အားဖြင့် ထုတ်ဆောင်တော်မူခဲ့သူများ ပင်ဖြစ်ကြပါသည်' ဟုတောင်းပန်လျှောက် ထားခဲ့၏။''
Joshua 24:17အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။-
2 Samuel 20:19ကျွန်မတို့၏မြို့သည်ကြီးမြတ်သည့်မြို့၊ ဣသရေလပြည်တွင်ငြိမ်းချမ်းမှုကိုအလို လားဆုံး၊ သစ္စာအရှိဆုံးမြို့တစ်မြို့ဖြစ်ပါ၏။ အရှင်သည်ဤမြို့ကိုဖျက်ဆီးရန်အဘယ် ကြောင့်ကြိုးစားနေပါသနည်း။ ဘုရားသခင် ပိုင်တော်မူသောအရာကိုအရှင်ပျက်စီးစေ လိုတော်မူပါသလော'' ဟုမေး၏။
1 Kings 8:53ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာတော်မူစဉ် အခါက ကိုယ်တော်၏အစေခံမောရှေအားဖြင့် မိန့်မှာတော်မူသည့်အတိုင်း ဤသူတို့အားကိုယ် တော်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေရန် လူ မျိုးတကာတို့အထဲကရွေးချယ်တော်မူခဲ့ ပါ၏'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။