The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 33 › တရားဟောရာကျမ်း 33:12

တရားဟောရာကျမ်း 33:12

ဗင်္ယာ​မိန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။ ``ဗင်္ယာ​မိန်​အ​နွယ်​ကို​ထာ​ဝရ​ဘု​ရား​ချစ်​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နေ​ကုန် စောင့်​ရှောက်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​ကာ​အ​ကွယ် အောက်​တွင်​လုံ​ခြုံ​စွာ​နေ​ကြ​ရ​၏။''

Common Language Bible

In The King James Version

And of Benjamin he said, The beloved of the LORD shall dwell in safety by him; and the LORD shall cover him all the day long, and he shall dwell between his shoulders.

In Context

11အို ထာ​ဝရ​ဘု​ရား​သူ​တို့​၏​အ​နွယ်​ကို ကြီး​ပွား​စေ​တော်​မူ​ပါ။ သူ​တို့​ဆောင်​ရွက်​သ​မျှ​ကို​လက်​ခံ​တော် မူ​ပါ။ သူ​တို့​၏​ရန်​သူ​ရှိ​သ​မျှ​ကို​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​တော်​မူ​ပါ။''

13ယော​သပ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။ ``ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​၏​နယ်​မြေ​ပေါ်​တွင် မိုး​ရွာ​စေ​ရန်​လည်း​ကောင်း၊ မြေ​အောက်​မှ​ရေ​ထွက်​စေ​ရန်​လည်း​ကောင်း ကူ​မ​တော်​မူ​ပါ​စေ​သော။

Read all of တရားဟောရာကျမ်း 33

Cross References

Exodus 28:12ဣသ​ရေလ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ကို​သ​တိ​ရ စေ​ရန် ထို​ကျောက်​နှစ်​လုံး​ကို​သင်​တိုင်း​၏​ပ​ခုံး သိုင်း​ကြိုး​များ​ပေါ်​မှာ​တပ်​ဆင်​ရ​မည်။ ထို​နည်း အား​ဖြင့်​အာ​ရုန်​သည်​သူ​တို့​၏​နာ​မည်​များ ကို​ပ​ခုံး​ပေါ်​တွင်​ဆောင်​ထား​သ​ဖြင့် ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော် ကို​အ​စဉ်​သ​တိ​ရ​တော်​မူ​လိမ့်​မည်။-

Deuteronomy 33:27ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​အ​စဉ်​အ​မြဲ ကွယ်​ကာ​တော်​မူ​၏။ ထာ​ဝ​ရ​လက်​ရုံး​တော်​သည်​သင်​တို့​ကို ထောက်​ပင့်​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​ရာ​လမ်း​မှ ရန်​သူ​များ​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​ရန်​သူ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် သင်​တို့​အား​အ​မိန့်​ပေး​တော်​မူ၏။

Judges 1:21ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​မူ​ကား​ယေ​ရု​ရှ​လင် မြို့​တွင် နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ အား​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​မ​ပြု​ကြ​ချေ။ သို့ ဖြစ်​၍​ထို​အ​ချိန်​အ​ခါ​မှ​အ​စ​ပြု​၍​ယေ​ဗု​သိ အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ခဲ့ ကြ​သ​တည်း။

2 Samuel 12:24ထို​နောက်​ဒါ​ဝိဒ်​သည်​သူ​၏​မိ​ဖု​ရား​ဗာ​သ ရှေ​ဘ​အား နှစ်​သိမ့်​စေ​ပြီး​နောက်​သူ​နှင့်​ကိုယ် လက်​နှီး​နှော​မှု​ကို​ပြု​၏။ ဗာ​သ​ရှေ​ဘ​သည် လည်း​သား​ယောကျာ်း​လေး​ကို​ဖွား​မြင်​လေ သည်။ ထို​သား​ကို​ဒါ​ဝိဒ်​သည်​ရှော​လ​မုန်​ဟု နာ​မည်​မှည့်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​ငယ်​ကို​ချစ်​မြတ်​နိုး​တော်​မူ​သ​ဖြင့်၊-

1 Kings 12:21ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​ကို​ပြန် လည်​သိမ်း​ပိုက်​ရန်​ကြံ​စည်​လျက် ယု​ဒ​နှင့်​ဗင်္ယာ မိန်​အ​နွယ်​များ​မှ​လက်​ရွေး​စင်​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ကို​စု​ရုံး​စေ​တော်​မူ​၏။

2 Chronicles 15:2အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 33:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 33:11တရားဟောရာကျမ်း 33တရားဟောရာကျမ်း 33:13 →