တရားဟောရာကျမ်း 33:20
ဂဒ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဂဒ်အနွယ်၏နယ်မြေကိုကျယ်ဝန်းစေသော ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ဂဒ်အနွယ်သည်ခြင်္သေ့သဖွယ်လက်မောင်း သို့မဟုတ် ဦးခေါင်းခွံကိုကိုက်ဖြတ်ရန်ချောင်းနေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 9:26ရှေမ၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြစေသတည်း။ ခါနာန်သည်ရှေမ၏ကျွန်ဖြစ်ရပါစေသော။
Joshua 13:8ရုဗင်၊ ဂဒ်နှင့်အခြားမနာရှေအနွယ်ဝင် တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုထာဝရဘုရား၏အစေခံ မောရှေသတ်မှတ်ခွဲဝေပေးသည့်အတိုင်း ရရှိကြပြီးဖြစ်သည်။ ထိုဒေသသည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဖြစ်၏။-
Joshua 13:24မောရှေသည်ဂဒ်အနွယ်ဝင်မိသားစုတို့အား လည်းနယ်မြေခွဲဝေပေးခဲ့၏။-
1 Chronicles 5:18ရုဗင်၊ ဂဒ်နှင့်အရှေ့ပိုင်းမနာရှေတို့တွင် လေး၊ ဋ္ဌား၊ ဒိုင်းလွှားကိုင်ဆောင်မှုတွင်ကောင်း စွာကျင်လည်သူ စစ်သားပေါင်းလေးသောင်း လေးထောင်ခုနစ်ရာ့ခြောက်ဆယ်ရှိ၏။-
1 Chronicles 12:9ရာထူးကြီးငယ်အလိုက်သူတို့၏နာမည် များမှာဧဇာ၊ သြဗဒိ၊ ဧလျာဘ၊ မိရှမန္န၊ ယေရမိ၊ အတ္တဲ၊ ဧလျေလ၊ ယောဟနန်၊ ဧလ ဇာဗဒ်၊ ယေရမိ၊ မာခဗာနဲဟူ၍ဖြစ်သတည်း။
Psalms 18:19ငါဘေးရောက်သောအခါကိုယ်တော်သည် ငါ့ကိုကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။