တရားဟောရာကျမ်း 33:24
အာရှာအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆို လေသည်။ ``အာရှာအနွယ်သည်အခြားအနွယ်တို့ထက် ပို၍ကောင်းချီးမင်္ဂလာခံစားရ၏။ သူသည်ညီအစ်ကိုချင်းတို့တွင်မျက်နှာ ပွင့်လန်းဆုံးဖြစ်ပါစေ။ သူ၏နယ်မြေတွင်ဆီထွက်သောသံလွင်ပင် မြောက်မြားစွာဖြစ်ထွန်းပါစေ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 49:20အာရှာ၏မြေမှစားကောင်းသောက်ဖွယ်ထွက် လိမ့်မည်။ သူ့ထံမှဘုရင်ပွဲတော်နှင့်ထိုက်သော အစားအစာကိုရရှိလိမ့်မည်။
Joshua 19:31ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် အာရှာအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိလေသည်။
Psalms 115:15ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။
Psalms 128:6သင်သည်မြေးများရရှိလာသည်တိုင်အောင် အသက်ရှည်ပါစေသော။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
Acts 7:10သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-
Romans 15:31ငါသည်ယုဒပြည်ရှိမယုံကြည်သူတို့၏ဘေး ရန်မှလွတ်မြောက်နိုင်စေရန်နှင့်ငါ၏ကူညီဆောင် ရွက်မှုကို ယေရုရှလင်မြို့ရှိဘုရားသခင်၏ လူစုတော်ကဝမ်းသာစွာလက်ခံနိုင်ကြစေရန် ဆုတောင်းပတ္ထနာပြုကြလော့။-