The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 33 › တရားဟောရာကျမ်း 33:27

တရားဟောရာကျမ်း 33:27

ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​အ​စဉ်​အ​မြဲ ကွယ်​ကာ​တော်​မူ​၏။ ထာ​ဝ​ရ​လက်​ရုံး​တော်​သည်​သင်​တို့​ကို ထောက်​ပင့်​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​ရာ​လမ်း​မှ ရန်​သူ​များ​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​ရန်​သူ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် သင်​တို့​အား​အ​မိန့်​ပေး​တော်​မူ၏။

Common Language Bible

In The King James Version

The eternal God is thy refuge, and underneath are the everlasting arms: and he shall thrust out the enemy from before thee; and shall say, Destroy them.

In Context

26ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား သခင်​နှင့် နှိုင်း​ယှဉ်​အပ်​သော​အ​ခြား​ဘုရား​မ​ရှိ။ ကိုယ်​တော်​သည်​ဘုန်း​ကျက်​သ​ရေ​ကို​ဆောင်​လျက် မိုး​တိမ်​ကို​စီး​၍၊ကောင်း​ကင်​ကို​ဖြတ်​ကျော်​ပြီး​လျှင် သင်​တို့​ကို​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၏။

28သို့​ဖြစ်​၍​ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​တို့​သည် မိုး​ကောင်း​ကင်​မှ​နှင်း​ကျ​သော၊ စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​ကြွယ်​ဝ​သော ပြည်​တွင် အေး​ချမ်း​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။

Read all of တရားဟောရာကျမ်း 33

Cross References

Genesis 49:24သို့​ရာ​တွင်​ယာ​ကုပ်​၏​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​၏​ကာ​ကွယ်​ရာ​ကျောက်​ဖြစ်​တော်​မူ​သော သိုး​ထိန်း​ရှင်​၏​စောင်​မ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​၏​လေး​သည်​တည်​ငြိမ်​၍​သူ​၏​လက်​တို့​သည် အား​သန်​လျက်​ရှိ​၏။

Deuteronomy 7:2သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို​သင်​တို့​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​ကို​သင်​တို့​တိုက်​ခိုက်​အောင်​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ပစ်​ရ မည်။ သူ​တို့​နှင့်​မိတ်​မ​ဖွဲ့​ရ။ သူ​တို့​အား​မ​ကြင် နာ​မ​သ​နား​ရ။-

Joshua 24:18အ​ကျွန်ုပ်​တို့​သည်​ဤ​ပြည်​ထဲ​သို့​ချီ​တက် လာ​စဉ်​က ကိုယ်​တော်​သည်​ဤ​ဒေ​သ​ရှိ​အာ မော​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​နှင်​ထုတ် တော်​မူ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကိုး ကွယ်​ပါ​မည်။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ဖြေ​ကြား ကြ​၏။

Psalms 18:2ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​သ​ဖြင့်​ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍​ငါ့​အား ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။

Psalms 36:7အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။

Psalms 46:7အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယာ​ကုပ်​၏​ဘု​ရား​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 33:27

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 33:26တရားဟောရာကျမ်း 33တရားဟောရာကျမ်း 33:28 →