တရားဟောရာကျမ်း 33:29
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Numbers 23:20ကောင်းချီးပေးရန်ငါ့အားစေခိုင်းတော်မူပြီ။ ဘုရားသခင်ပေးတော်မူသောကောင်းချီးကို ငါသည်မရုတ်သိမ်းနိုင်။
Deuteronomy 4:7``ငါတို့၏ဘုရားသခင်ထာဝရဘုရား သည် ငါတို့အကူအညီလိုသည့်အခါတိုင်း ငါတို့အနားတွင်ရှိတော်မူ၏။ ဤကဲ့သို့ သောဘုရားကိုကိုးကွယ်သည့်လူမျိုးကြီး ရှိသေးသလော။-
Joshua 10:24ယောရှုထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ ထို အခါယောရှုသည်ဣသရေလအမျိုးသား အပေါင်းတို့နှင့် မိမိနှင့်အတူစစ်ချီတိုက် ခိုက်ခဲ့သောဗိုလ်မှူးများကိုမိမိထံသို့ဆင့် ခေါ်၏။ ဗိုလ်မှူးတို့အား``ထိုမင်းတို့၏လည်ပင်း ကိုခြေဖြင့်နင်းကြ'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ခြေဖြင့်နင်းကြ၏။-
2 Samuel 7:23အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
Psalms 7:12အကယ်၍လူတို့သည်နောင်တမရကြပါမူ ဘုရားသခင်သည်ဋ္ဌားတော်ကိုသွေးတော်မူ၍ လေးတော်ကိုအဆင်သင့်တင်တော်မူလိမ့်မည်။
Psalms 18:45သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲမိမိ တို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။