တရားဟောရာကျမ်း 4:15
``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 4:9သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။-
Deuteronomy 4:23သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။''
Deuteronomy 5:4ထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။-
Deuteronomy 10:4ထို့နောက်ထာဝရဘုရားသည် သင်တို့တောင် ခြေတွင်စုရုံးသောနေ့က မီးထဲမှသင်တို့အား မိန့်တော်မူသောပညတ်တော်ဆယ်ပါးကို ယခင် ကျောက်ပြားများပေါ်တွင်ရေးသားတော်မူ သည်အတိုင်း ထိုကျောက်ပြားများပေါ်တွင် ရေးသားတော်မူ၏။ ထာဝရဘုရားသည် ထို ကျောက်ပြားများကိုငါ့အားပေးတော်မူ၏။-
1 Kings 19:12မြေငလျင်လှုပ်ပြီးနောက်မီးလျှံတောက် လောင်လေသည်။ သို့ရာတွင်ထိုမီးလျှံထဲ၌ လည်းထာဝရဘုရားရှိတော်မမူ။ မီးလျှံ တောက်လောင်ပြီးနောက်ဖြည်းညှင်းသောအသံ ပေါ်ထွက်လာ၏။
Psalms 119:9လူငယ်လူရွယ်သည်အဘယ်သို့အားဖြင့် ဖြောင့်မတ်စွာကင့်ကြံပြုမူနိုင်ပါသနည်း။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ်စွာ ကင့်ကြံပြုမူနိုင်ပါ၏။