တရားဟောရာကျမ်း 4:19
မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 1:14တစ်ဖန်ဘုရားသခင်က``နေ့နှင့်ညဥ့်ကို ခွဲခြားရန်နှင့်နေ့ရက်၊ နှစ်၊ ပွဲတော်ရက်
Genesis 2:1ဘုရားသခင်သည်စကြဝဠာတစ်ခုလုံး ကို ဤသို့ဖန်ဆင်း၍ပြီးဆုံး၏။-
Joshua 10:12အာမောရိတပ်သားများကိုဣသရေလ အမျိုးသားတို့လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့၌ယောရှုက၊ ``အသင်နေမင်း၊ဂိဗောင်မြို့ပေါ်တွင်ရပ် တန့်၍နေလော့။ အသင်လမင်း၊အာဂလုန်မြို့ချိုင့်ဝှမ်းတွင် ရပ်တန့်၍နေလော့'' ဟု ဣသရေလအမျိုးသားတို့ရှေ့၌မြွက်ဆို၏။
2 Kings 21:3သူသည်မိမိ၏ခမည်းတော်ဟေဇကိဖျက် သိမ်းခဲ့သည့် ရုပ်တုကိုးကွယ်ရာဌာနများကို ပြန်လည်တည်ဆောက်လေသည်။ ဗာလဘုရား အားပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၍ ဣသရေလဘုရင်အာဟပ်နည်းတူအာရှရ ဘုရားမတံခွန်တိုင်ကိုစိုက်ထူ၏။ ကြယ် နက္ခတ်များကိုလည်းဝတ်ပြုရှိခိုး၏။-
2 Kings 23:11သူသည်နေကိုဆက်ကပ်ပူဇော်ရန်ယုဒဘုရင် တို့ပေးလှူထားသည့်မြင်းတို့ကိုဖယ်ရှား၍ ဝတ် ပြုကိုးကွယ်ရာ၌အသုံးပြုသည့်ရထားများ ကိုလည်းမီးရှို့တော်မူ၏။ (ဤအရာများကို အထက်တန်းအရာရှိတစ်ဦးဖြစ်သူနာသမ္မေ လက်၏အိမ်အနီးဗိမာန်တော်ဝင်းအဝင်ဝ တွင်ထားရှိသည်။-)
Nehemiah 9:6ထိုနောက် ဣသရေလအမျိုးသားတို့ကဤပတ္ထနာကို ဆုတောင်းကြ၏။ ``အို ထာဝရဘုရားကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်မိုးကောင်းကင်နှင့်ကောင်းကင် ကြယ်နက္ခတ်များကိုဖန်ဆင်းတော်မူပါ၏။ မြေကြီးနှင့်ပင်လယ်ကိုလည်းကောင်း မြေကြီးပေါ်နှင့်ပင်လယ်တွင်ရှိသောအရာများ ကိုလည်းကောင်းဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အရာခပ်သိမ်းကို အသက်ရှင်စေတော်မူပါ၏။ မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် ကိုယ်တော်အားဦးညွှတ်ရှိခိုးကြပါ၏။