တရားဟောရာကျမ်း 4:21
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက်ကြောင့်ငါ့အားအမျက်တော် ထွက်၍ ငါသည်ယော်ဒန်မြစ်တစ်ဘက်သို့ကူး ၍ သင်တို့အားပေးသနားတော်မူသည့်အစာ ရေစာပေါကြွယ်ဝသောပြည်သို့ မဝင်ရဟု အလေးအနက်ပညတ်တော်မူသည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 1:37ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
Deuteronomy 15:4``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားသောပြည်တွင် သင်တို့အားကောင်းချီးပေးတော်မူမည်။ သင် တို့အားငါယနေ့ပညတ်သမျှတို့ကိုစောင့် ထိန်း၍ ထာဝရဘုရား၏အမိန့်တော်ကို နာခံလျှင် သင်တို့လူမျိုးတွင်မည်သူမျှ မဆင်းရဲရ။-
Deuteronomy 19:10ဤနည်းအားဖြင့်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် အပြစ်မဲ့သူများအသက် မဆုံးရ။ သင်တို့သည်လည်းအပြစ်မဲ့သူများ ကို သေစေသည့်အပြစ်ကူးလွန်မိမည်မဟုတ်။''
Deuteronomy 21:23ညအိပ်၍မထားရ။ အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားခြင်းသည်တိုင်းပြည်အတွက် အမင်္ဂလာဖြစ်သောကြောင့် အလောင်းကိုနေ့ ချင်းတွင်းမြှုပ်နှံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူမည့်ပြည် ကို မညစ်ညမ်းစေရန်ထိုအလောင်းကိုမြှုပ်နှံ လော့။''
Deuteronomy 26:1``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်သို့ ဝင်ရောက် သိမ်းပိုက်နေထိုင်ကြသောအခါ၊-
Psalms 106:32သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။ သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။