တရားဟောရာကျမ်း 4:29
သို့ရာတွင်သင်တို့သည် ထိုနိုင်ငံများ၌သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုရှာ ကြလိမ့်မည်။ ထာဝရဘုရားကိုအစွမ်း ရှိသမျှနှင့်ရှာလျှင်တွေ့လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 30:1``ငါသည်ယခုသင်တို့အားမင်္ဂလာနှင့်အမင်္ဂ လာကိုရွေးချယ်စေပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အပြည်ပြည်သို့နှင်ထုတ်၍ထိုပြည်များ တွင်နေထိုင်ကြသောအခါ သင်တို့သည် ငါယခုမှာကြားသမျှတို့ကိုသတိရ ပြီးလျှင်၊-
1 Samuel 7:3ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-
2 Kings 10:31သို့ရာတွင်ယေဟုသည် ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား၏ ပညတ်တရားတော်ကိုစိတ်နှလုံးအကြွင်း မဲ့မလိုက်လျှောက်ဘဲ ဣသရေလအမျိုး သားတို့အားအပြစ်ကူးလွန်ရန် လမ်းပြ သူယေရောဗောင်၏လမ်းစဉ်ကိုလိုက်လေ သည်။
2 Chronicles 15:2အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
2 Chronicles 15:12သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား စိတ်စွမ်းကိုယ်စွမ်း ရှိသမျှနှင့်ကိုးကွယ်မည်ဟူ၍ပဋိညာဉ် ပြုကြ၏။-
2 Chronicles 31:21သူသည်ဗိမာန်တော်အတွက်ပြုလေသမျှ သောအမှုတို့တွင်လည်းကောင်း၊ ပညတ်တော် ကိုစောင့်ထိန်းရာ၌လည်းကောင်း၊ မိမိ၏ ဘုရားသခင်အားစိတ်ရောကိုယ်ပါ ဆည်း ကပ်လျက်ပြုတော်မူသည့်အတွက်အောင် မြင်ထမြောက်တော်မူ၏။